-
မလေးရှား စက်ရုံတစ်ခုမှ မြန်မာအမျိုးသမီးတစ်ဦးရဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်မယ့် နဝရတ် မဟာဆန်တဲ့ မာယာ မျက်နှာဖုံး ရုပ်ရှင် ဇာတ်ကား၌ မလေးရှား နိုင်ငံ စက်ရုံ တစ်ရုံတွင် တကယ် ဖြစ်ပျက် ခဲ့သည့် မြန်မာ အမျိုး သမီး တစ်ယောက်၏ ရင်နင့်ဖွယ် ဇာတ်ရုပ်ကို မြန်မာ ပရိသတ် များ အတွက် အကောင်းဆုံး ဖြစ်အောင် နဝရတ် က ကြိုးစား သရုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
Full story@ပြည်မြန်မာ ဂျာနယ်
-
မြန်မာနိုင်ငံဆိုင်ရာ မလေးသံရုံးရှေ့ ဆန္ဒထုတ်ဖော်မှု ခွင့်မပြုခဲ့ ဥပဒေ အရ ငါးရက် ကြိုတင်၍ ခွင့်ပြုမိန့် ယူထား သော်လည်း ရန်ကုန်မြို့ ပြည်လမ်းရှိ မလေးရှား သံရုံး ရှေ့တွင် မြန်မာ နိုင်ငံ သားများ အရေး တောင်းဆိုမှု ပြုလုပ်မည့် အစီ အစဉ်ကို ဒဂုံ မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ခွင့်ပြု ခဲ့ခြင်း မရှိကြောင်း သိရသည်။
Full story@ပြည်မြန်မာ ဂျာနယ်
-
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာကို တင်ပြနိုင်ရန် စီစဉ် လက်ပံတောင်း တောင် ကြေးနီ စီမံကိန်း အတွက် ပတ်ဝန်းကျင် နှင့် လူမှု စီးပွား သက်ရောက်မှု ဆန်းစစ်ခြင်း အစီရင် ခံစာကို ၂၀၁၃ ခုနှစ် စက်တင်ဘာ အတွင်း တင်ပြ နိုင်ရေး အတွက် ဆောင်ရွက် နေကြောင်း၊ လက်ပံတောင်း တောင် စီမံကိန်း အား စတင် လုပ်ဆောင်စဉ် က အနှစ် ၃၀ စီမံကိန်း ဟု ဆိုသော်လည်း ဝမ်ပေါင် ကုမ္ပဏီ က ဒေသခံ များနှင့် တွေ့ဆုံ ဆွေးနွေးမှု မရှိဘဲ ထပ်မံ တိုးမြှင့် လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Full story@WeeklyEleven ဂျာနယ်
-
ငါးနှစ်အတွင်း လုပ်သား နှစ်သန်းခန့် အလုပ်အကိုင် ရလာနိုင် အီးယူ (ဥရောပ သမဂ္ဂ) နိုင်ငံမှ ပေးအပ်သည့် GSP ကုန်သွယ်မှု အထူး အခွင့် အရေးများ ပြန်လည် ရရှိပြီ ဖြစ်သော ကြောင့် မြန်မာ နိုင်ငံတွင် အဓိက တိုးတက် လာနိုင်သည့် ကဏ္ဍမှာ အထည်ချုပ် လုပ်ငန်း ကဏ္ဍ ဖြစ်ကြောင်း၊ အီးယူမှ မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု များကို အထောက် အကူ ပြုစေရန် ကုန်သွယ်မှု အထူး အခွင့် အရေး ပြန်လည် ပေးအပ်ရန် ဆုံးဖြတ် လိုက်ကြောင်း သိရသည်။
Full story@WeeklyEleven ဂျာနယ်
-
စီအိုင်အေ သူလျှိုဟောင်း စနိုးဒင်ကို ထောက်ခံသည့် ဆန္ဒပြမှု ပြုလုပ် အမေရိကန် အစိုးရ ၏ ဖုန်းနှင့် အင်တာနက် လျှို့ဝှက် သူလျှို လုပ်သည့် အစီ အစဉ် များကို ဖော်ထုတ် ခဲ့သော အမေရိကန် စီအိုင်အေ သူလျှိုဟောင်း အက်ဒဝပ် စနိုးဒင် အား ထောက်ခံသည့် ဆန္ဒ ပြမှု ကို ဟောင်ကောင်တွင် ဇွန် ၁၅ ရက်၌ ပြုလုပ် ခဲ့ရာ မို ရွာသွန်း နေသော် လည်း လူ ရာပေါင်း များစွာ တက်ရောက် ခဲ့ကြ ကြောင်း သိရသည်။
Full story@WeeklyEleven ဂျာနယ်
-
စစ်သွေးကြွများ တိုက်ခိုက်မှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံး ပါကစ္စတန် အနောက် တောင်ပိုင်းရှိ တည်ငြိမ်မှု မရှိသော ဘလူချီစတန် ပြည်နယ် မြို့တော် ကက်တာ တွင် ဇွန် ၁၅ ရက်၌ စစ်သွေးကြွ များက ကျောင်းသူများ လိုက်ပါ လာသော ဘတ်စ်ကား တစ်စီးကို ဗုံးဖောက်ခွဲ ခြင်းနှင့် ဒဏ်ရာ ရသူ များအား ကုသ ပေးသော ဆေးရုံကို တိုက်ခိုက်မှု တို့ကြောင့် လူ ၂၅ ဦးထက် မနည်း သေဆုံး ခဲ့ကြောင်း သိရသည်။
Full story@WeeklyEleven ဂျာနယ်
-
ရုရှားအမျိုးသမီး အာကာသယာဉ်မှူး အာကာသသို့ ရောက်ရှိမှု နှစ် ၅၀ ပြည့်မြောက် ရုရှား အမျိုး သမီး အာကာသ ယာဉ်မှူး ဗလင်တီနာ ထရက်ရှ်ကိုဗာ ၏ အာသာသ သို့ ပထမဆုံး ရောက်ရှိ ခဲ့မှုမှာ ဇွန် ၁၆ ရက်တွင် နှစ် ၅၀ ရွှေရတု အထိမ်း အမှတ် ရောက်ရှိ ခဲ့ကြောင်း၊ ယခု အခါ အသက် ၇၆ နှစ်ရှိ ထရက်ရှ် ကိုဗာ သည် အသက် ၂၆ နှစ် အရွယ်တွင် ၁၉၆၃ ခုနှစ် ဇွန် ၁၆ ရက်၌ အာကာသ သို့ သွားရောက် ခဲ့သော ပထမ ဆုံး အမျိုး သမီး ဖြစ်လာ ခဲ့ကြောင်း သိရသည်။
Full story@WeeklyEleven ဂျာနယ်
-
Google က အင်တာနက် ဝန်ဆောင်မှုပေးမည့် မီးပုံးပျံ စမ်းသပ်လွှင့်တင် Google သည် အင်တာနက် ချိတ်ဆက်မှု နှင့် ဝေးကွာ နေသော ကမ္ဘာ့ လူဦးရေ ၏ သုံးပုံ နှစ်ပုံကို အင်တာနက် ဝန်ဆောင်မှု ပေးရန် ရည်ရွယ်၍ အာကာသ အတွင်းသို့ မီးပုံးပျံများ လွှတ်တင်သည့် ထိပ်တန်း လျှို့ဝှက် အစီ အစဉ်ကို ဇွန် ၁၅ ရက်က ထုတ်ပြန် ကြေညာ ခဲ့ကြောင်း၊ Google သည် ဟေလီယမ် ဓာတ်ငွေ့ ဖြည့်ထားသော ဖိအားဖြင့် မီးပုံးပျံ အလုံး ၃၀ ခန့်ကို နယူးဇီလန် နိုင်ငံ ခရိုက်ချက် မြို့ ကောင်းင်တွင် လွှတ်တင် ခဲ့ကြောင်း သိရသည်။
Full story@WeeklyEleven ဂျာနယ်
-
MERS ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၃ ဦးအထိ ရှိလာ SARS နှင့် ဆင်တူသော MERS ဗိုင်းရပ်စ် ကြောင့် ကမ္ဘာ တစ်ဝန်း သေဆုံးသူ ဦးရေ သည် ၃၃ ဦး ရှိလာပြီ ဖြစ်ကြောင်း၊ ရောဂါ ကူးစက် ခံရသူ စုစုပေါင်း ၅၈ ဦး ရှိပြီး ဆော်ဒီ အာရေဗျ တွင် MERS ဗိုင်းရပ်စ် ကူးစက်သူ ၄၄ ဦး ရှိပြီး ယင်းအနက် ၂၈ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။
Full story@WeeklyEleven ဂျာနယ်
-
အဆုတ်နှစ်ဖက်စလုံး အစားထိုးကုသမှု အောင်မြင် အမေရိကန် ပြည်ထောင်စု ၌ ၁၀ နှစ် အရွယ် မိန်းကလေး တစ်ဦးကို ဇွန် ၁၂ ရက်တွင် အဆုတ် နှစ်ဖက် စလုံး အစားထိုး ကုသမှု ပြုလုပ် ခဲ့ရာ အောင်မြင် ခဲ့ပြီးနောက် ခန္ဓာကိုယ် အစိတ် အပိုင်းများ လှူဒါန်းမှု ကို မည်သို့ မည်ပုံ ခွဲဝေ ပေးသနည်း ဟူသည့် အချက်နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ သားများ အကြား ငြင်းခုန်မှု များ ဖြစ်ပေါ် စေခဲ့ ကြောင်း သိရသည်။
Full story@WeeklyEleven ဂျာနယ်
